ခင်ပွန်းကြီး(၁၀)ပါး

(၁) ဘုရား (၂) ပစ္စေကဗုဒ္ဓါ (၃) ရဟန္တာ (၄) မြတ်စွာဘုရား၏ တပည့်ကြီး  အဂ္ဂသာဝက (၅) အမိ (၆) အဘ (၇) အလေးအမြတ်ပြုအပ်သော ဆရာ ၊သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ (၈) လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ (၉) ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်ဖူးသူ ) (၁၀) တရားဟော ပုဂ္ဂိုလ် အထက်ပါ ခင်ပွန်းကြီး (၁၀)ပါးကို မပြစ်မှားပဲ … ရိုသေစွာ ပူဇော်တဲ့သူတွေ ရရှိတတ်တဲ့ အကျိုးတွေကလည်း (၁၀)ပါးရှိပြန်ပါတယ်။ (၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ  အစားအစာ မရှားပါးဘူး။ (၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။ (၃) ရန်သူမျိုးငါးပါး မနှိ်ပ်စက်နိုင်ဘူး။ (၄) မျက်နှာမြင်ရင် [...]

ခင္ပြန္းၾကီး(၁၀)ပါး

(၁) ဘုရား (၂) ပေစၥကဗုဒၶါ (၃) ရဟႏၲာ (၄) ျမတ္စြာဘုရား၏ တပည့္ၾကီး  အဂၢသာ၀က (၅) အမိ (၆) အဘ (၇) အေလးအျမတ္ျပဳအပ္ေသာ ဆရာ ၊သမာဓိႏွင့္ျပည့္စံုဂုဏ္ၾကီးျမတ္၍ ရိုေသသင့္သူမ်ား (၈) လမ္းမွန္ကို ေျဖာင့္မွန္စြာ သြန္သင္ေပးအပ္ေသာဆရာ (၉) ပစၥည္းေလးပါး ဒါယကာ( ေပးကမ္ဖူးသူ ) (၁၀) တရားေဟာ ပုဂၢိဳလ္ အထက္ပါ ခင္ပြန္းၾကီး (၁၀)ပါးကို မျပစ္မွားပဲ … ရိုေသစြာ ပူေဇာ္တဲ့သူေတြ ရရွိတတ္တဲ့ အက်ိဳးေတြကလည္း (၁၀)ပါးရွိျပန္ပါတယ္။ (၁) ကိုယ့္အရပ္ေဒသက အရပ္တစ္ပါးကို သြားတဲ့အခါ  အစားအစာ မရွားပါးဘူး။ (၂) ေရာက္ရာအရပ္မွာ အပူေဇာ္ခံရတယ္။ (၃) ရန္သူမ်ိဳးငါးပါး မႏွိ္ပ္စက္ႏိုင္ဘူး။ (၄) မ်က္ႏွာျမင္ရင္ [...]

ကြိုမသိနိုင်သော အရာ (၅) မျိုး

၁) ဇီဝိတိ = ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး ၂) ဗျာဓိ = ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာ ကြိုသိနိုင်ဘူး ၃) ကာလိ = မနက် ၊ နေ့လည် ၊ ည ၊ ဘယ်ကာလမှာ သေမယ်ဆိုတာ ကြိုမသိနိုင်ဘူး ၄) ဒေဟနိက္ခေပနိံ = ဘယ်နေရာ ၊ ဘယ်ဒေသမှာ သေမယ် ၊ ဘယ်သုဿာန်မှာ သင်္ဂြီုဟ်မယ်ဆိုတာလည်း မသိနိုင်ဘူး ၅) ဂတိ = ဘယ်ဘုံရောက်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး ဒီလောက် ဘဝအာမခံချက်မရှိတဲ့ ပုထုဇဉ်ဘဝမှာ ဒိဋ္ဌိပြုတ်ကြောင်းတရားကို နာကြားအားထုတ်မထားဘဲ ပေါ့ပေါ့တန်တန်နေကြသူတွေအတွက် အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်…။ ကျမ်းကိုး။ ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား [...]

ၾကိဳမသိႏုိင္ေသာ အရာ (၅) မ်ိဳး

၁) ဇီ၀ိတိ = ဘယ္အသက္အ႐ြယ္မွာ ေသရမယ္ဆုိတာ ၾကိဳမသိႏုိင္ဘူး ၂) ဗ်ာဓိိ = ဘယ္အနာေရာဂါနဲ႔ ေသရမယ္ဆုိတာ ၾကိဳသိႏုိင္ဘူး ၃) ကာလိ = မနက္ ၊ ေန႔လည္ ၊ ည ၊ ဘယ္ကာလမွာ ေသမယ္ဆုိတာ ၾကိဳမသိႏုိင္ဘူး ၄) ေဒဟနိေကၡပနံိ = ဘယ္ေနရာ ၊ ဘယ္ေဒသမွာ ေသမယ္ ၊ ဘယ္သုႆာန္မွာ သၿဂႌဳဟ္မယ္ဆုိတာလည္း မသိႏုိင္ဘူး ၅) ဂတိ = ဘယ္ဘံုေရာက္မယ္ဆုိတာလည္း ၾကိဳမသိႏုိင္ဘူး ဒီေလာက္ ဘ၀အာမခံခ်က္မ႐ွိတဲ့ ပုထုဇဥ္ဘ၀မွာ ဒိ႒ိျပဳတ္ေၾကာင္းတရားကို နာၾကားအားထုတ္မထားဘဲ ေပါ့ေပါ့တန္တန္ေနၾကသူေတြအတြက္ အင္မတန္မွ ရင္ေလးစရာ ေကာင္းပါတယ္…။ က်မ္းကိုး။ ။ ေမတၱာ႐ွင္ (ေ႐ႊျပည္သာ) ၏ မဂ္တား [...]

ကိလေသာ ၁၀-ပါး

ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ ဖြစ်ပါသည်။ ယင်းကိလေသာတရားတို့သည်- (၁) လောဘ= လိုချင်တပ်မက်မှု (၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု (၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု (၄) မာန= ထောင်လွှားတတ်ကြွမှု (၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု (၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု (၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု (၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု (၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု (၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု – ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။ ကိလေသာ ၁၅၀၀. . .  [...]

ကိေလသာ ၁၀-ပါး

ကိေလသာဟူသည္မွာ သတၱဝါတို႔ကို ညႇင္းဆဲႏွိပ္စက္ ညစ္ႏြမ္းပင္ပန္းေအာင္ ျပဳလုပ္တတ္သည့္ အကုသိုလ္ တရားဆိုးမ်ား ျဖစ္ပါသည္။ ယင္းကိေလသာတရားတို႔သည္- (၁) ေလာဘ= လိုခ်င္တပ္မက္မႈ (၂) ေဒါသ= ၾကမ္းတမ္းျပစ္မွားမႈ (၃) ေမာဟ= အမွန္မသိျမင္ မိုက္မဲမႈ (၄) မာန= ေထာင္လႊားတတ္ႂကြမႈ (၅) ဒိ႒ိ= အထင္အျမင္ အယူအဆ လြဲမွားမႈ (၆) ဝိစိကိစၧာ= အမွန္မဆံုးျဖတ္ႏိုင္ပဲ ယံုမွားမႈ (၇) ထိန= ပ်င္းရိ ထိုင္းမိႈင္းေလးလံမႈ (၈) ဥဒၶစၥ= မၿငိမ္မသက္ လႈပ္ရွားပ်ံ႕လြင့္မႈ (၉) အဟိရိက= မေကာင္းမႈျပဳရန္ မရွက္မႈ (၁၀) အေနာတၱပၸ= မေကာင္းမႈျဖစ္မွာ မေၾကာက္မႈ – ဟူ၍ အက်ဥ္းအားျဖင့္ ၁၀-ပါးရွိသည္။ ကိေလသာ ၁၅၀၀. . .  [...]

သိသူနှင့် မသိသူ

မိလိန္ဒမင်းကြီး ။     ။ အရှင်ဘုရား ၊ မကောင်းမှုမှန်းသိပါလျက် ကျူးလွန်သူနှင့် မသိဘဲ ကျူးလွန်သူ နှစ်ဦးတွင် ဘယ်သူကပိုပီး အပြစ်ကြီးလေးပါသလဲ ဘုရား၊ အရှင်နာဂသေန။     ။ မသိဘဲ ကျူးလွန်သူက ပိုပီး အပြစ်ကြီးလေးပေတယ်။မိလိန္ဒမင်းကြီး ။     ။အရှင်ဘုရား ၊ တပည့်တော်တို့ တရားစီရင်ရာတွင်ကား ထိုသို့မဟုတ်ပါ၊ မင်းညီမင်းသာ ၊ မှူးမတ်တို့၏သား စသည် တရားဥပဒေသဘောတရားကို သိပြီးသူများ အပြစ်ကျူးလွန်ခဲ့လျှင် တခြားသူများထက်ပိုပီး အပြစ်ကြီးလေးပါသည်။အရှင်နာဂသေန။  ။မှန်ပေတယ် ၊မင်းမြတ်၊ မင်းမြတ်ဆိုအပ်သည်မှာ လောကကြောင်း ဖြစ်ပေတယ်၊  ဓမ္မသဘောမှာတော့ မသိလို့ လွန်ကျူးသူက သိပါလျက်လွန်ကျူးသူထက် ပိုပြီးအပြစ်ကြီးလေးပေတယ် မင်းမြတ်။မိလိန္ဒမင်းကြီး ။     ။ မှန်ပါ၊ အကြောင်းရင်းကို ရှင်းပြတော်မူပါ ဘုရား။အရှင်နာဂသေန [...]

သိသူႏွင့္ မသိသူ

မိလိႏၵမင္းၾကီး ။     ။ အရွင္ဘုရား ၊ မေကာင္းမႈမွန္းသိပါလ်က္ က်ဴးလြန္သူႏွင့္ မသိဘဲ က်ဴးလြန္သူ ႏွစ္ဦးတြင္ ဘယ္သူကပိုပီး အျပစ္ၾကီးေလးပါသလဲ ဘုရား၊ အရွင္နာဂေသန။     ။ မသိဘဲ က်ဴးလြန္သူက ပိုပီး အျပစ္ၾကီးေလးေပတယ္။မိလိႏၵမင္းၾကီး ။     ။အရွင္ဘုရား ၊ တပည့္ေတာ္တို႔ တရားစီရင္ရာတြင္ကား ထိုသို႔မဟုတ္ပါ၊ မင္းညီမင္းသာ ၊ မွဴးမတ္တို႔၏သား စသည္ တရားဥပေဒသေဘာတရားကုိ သိျပီးသူမ်ား အျပစ္က်ဴးလြန္ခဲ့လွ်င္ တျခားသူမ်ားထက္ပိုပီး အျပစ္ၾကီးေလးပါသည္။အရွင္နာဂေသန။  ။မွန္ေပတယ္ ၊မင္းျမတ္၊ မငး္္ျမတ္ဆိုအပ္သည္မွာ ေလာကေၾကာင္း ျဖစ္ေပတယ္၊  ဓမၼသေဘာမွာေတာ့ မသိလို႔ လြန္က်ဴးသူက သိပါလ်က္လြန္က်ဴးသူထက္ ပိုျပီးအျပစ္ၾကီးေလးေပတယ္ မင္းျမတ္။မိလိႏၵမင္းၾကီး ။     ။ မွန္ပါ၊ အေၾကာင္းရင္းကို ရွင္းျပေတာ္မူပါ ဘုရား။အရွင္နာဂေသန [...]

စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့အလှူ

ကျွန်တော်တို့ စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့ အလှူပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ကော့ထင်းဘုန်းတော်ကြီးကျောင်းမှာ အောက်တိုဘာလ ၃ရက် ၂၀၀၉ခုနှစ် (သီတင်းကျွတ်လပြည့်နေ့) မှာကျင်းပတဲ့ တတိယအကြိမ် ပလန်နက်မောင်နှမများ၏ ကထိန်နဲ့ ပရဟိတအလှူပွဲကြီးမှာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ လာရောက်ဖတ်ရှုသူ အပေါင်းကို ကျွန်တော်တို့မောင်နှမတစ်စု နည်းတူ ကြည်နူးပီတိဖြစ်စေရန် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

စႏၵာသူရိယ ဘေလာဂၤေမာင္ႏွမတစ္စုရဲ႕အလွဴ

ကၽြန္ေတာ္တို႔ စႏၵာသူရိယ ဘေလာဂၤေမာင္ႏွမတစ္စုရဲ႕ အလွဴပါ။ မြန္ျပည္နယ္၊ က်ိဳက္ထိုျမိဳ႕ ေကာ့ထင္းဘုန္းေတာ္ၾကီးေက်ာင္းမွာ ေအာက္တိုဘာလ ၃ရက္ ၂၀၀၉ခုႏွစ္ (သီတင္းကၽြတ္လျပည့္ေန႔) မွာက်င္းပတဲ့ တတိယအၾကိမ္ ပလန္နက္ေမာင္ႏွမမ်ား၏ ကထိန္နဲ႔ ပရဟိတအလွဴပြဲၾကီးမွာ လွဴဒါန္းခဲ့ျခင္းျဖစ္ပါတယ္။ လာေရာက္ဖတ္ရႈသူ အေပါင္းကို ကၽြန္ေတာ္တို႔ေမာင္ႏွမတစ္စု နည္းတူ ၾကည္ႏူးပီတိျဖစ္ေစရန္ တင္ေပးလိုက္ျခင္း ျဖစ္ပါတယ္။

Follow

Get every new post delivered to your Inbox.