Posted on August 31, 2009 by ကြယ်စင်
ဝဋ်မှာအမြဲ ၊ ငရဲမှာ အပဟု ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ဆိုရိုးရှိကြသည်။ယုံကြည်ကြသည်။ အဓိပ္ပါယ်မှာ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် အကုသိုလ်မကောင်းမှုတို့ကိုပြုလုပ်ကျူးလွန်ပါက ငရဲကြီးတက်သည် ငရဲသို့ကျရောက်မည်ဟု အယူရှိကြသည်။
သို့ရာတွင် မိမိတို့ ကျူးလွန်ခဲ့သည်များအတွက် နောင်တတရားရကာ ကုသိုလ်ကောင်းမှုတို့ကို အားကြိုးမာန်တက် ပြုလုပ်ကြပါက မိမိတို့၏ ဒါန ၊ သီလ ၊ ဘာဝနာအကျိုးတို့ကြောင့် ယခင်ပြုခဲ့မိသော အကုသိုလ်အကျိုး(မကောင်းကျိုး)တို့သည် ပျောက်ပျက်နိုင်ပါသည်။ အပါယ်ငရဲ စသည်တို့မှ ကင်းစင်လွင့်ပျောက်နိုင်သော်လည်း ၀ဋ်မှမူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ဘုရားရဟန္တာများသော်မှ ၀ဋ်မှ ကင်းလွတ်နိုင်ခြင်း မရှိပါ။
ဥပမာတစ်ခုကို ထုတ်နုတ်ပြလိုပါသည်။ ယင်းဥပမာမှာ ဓမ္မပဒကျမ်းလာဂါထာတစ်ပုဒ်ကို မြတ်စွာဘုရားရှင်ဟောကြားသော အကြောင်းဖြစ်ပါသည်။
အထက်ပါဂါထာ နှစ်ပုဒ်မှာ ဓမ္မပဒကျမ်း၌ပါရှိသည့် ယမက၀ဂ္ဂပါရှိပါသည်။ ပထမဂါထာမှာ မကောင်းမှုပြုသူသည် [...]
Filed under: ဓမ္မပဒ | 3 Comments »
Posted on August 27, 2009 by သူရိယ
ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညက်ထားတဲ့၊ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလာအကန့်အသန့် တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။
မိမိတို့လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ သက်သာခွင့်ရအောင် ဖန်တီးပေးနိုင်ပါတယ်။
လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှ ပယ်လည်း မပယ်နုတ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်စွက်နိုင်ပါဘူး။ ပြုလည်းမပြုပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ ပယ်နုတ်ဖြည့်စွက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။
ဒါပေမယ့် ကထိန်အလှူ့ရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကတော့ လုပ်လို့ရပါတယ်။ သိက္ခာပုဒ်အားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ် ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
ကထိန်အလှူ့ရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီဆိုရင် [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 21, 2009 by စန္ဒာ
(မိမိကိုယ်၌) အမြဲမပြတ် ကိလေသာမီး တငြီးငြီး တောက်လောင်နေပါလျက် အဘယ့်ကြောင့် ရယ်ရွှင်အားရ နှစ်သက်နေကြသနည်း၊ တရားမှန်ကို မသိခြင်းတည်းဟူသော အ၀ိဇ္ဖာ အမှောင်တိုက်ကြီး ပိတ်ဆီးနေပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာတည်းဟူသော ဆီမီးအလင်းရောင်ကို မရှာကြသနည်း။
When this world is ever ablaze, why this laughter, why this jubilation? Shrouded in darkness, will you not seek the light?
အ၀တ်တန်ဆာတို့ဖြင့် အဆန်းတကြယ် ဖြစ်သော၊ အနာရောဂါတို့၏ စုပေါင်းရာဖြစ်သော၊ အရိုးတို့ဖြင့် ဆောက်လုပ်အပ်သော၊ နာကျင်တတ်သော လူတို့သည် အထူးထူးအပြားပြား များစွာ ကြံဆအပ်သော ဤခန္ခာကိုယ်ကို ရှုလော့။
Behold this boy __ a [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 21, 2009 by သူရိယ
လောဘပွားစီးဖို့ ပြုသော ဒါနသည် ပါရမီ မထိုက်သော ဒါနဖြစ်ပြီး ၊ လောဘ ကုန်ခမ်းဖို့ ပြုသော ဒါနသည် ပါရမီ ထိုက်သောဒါနဖြစ်သည်။ လောဘပွားစီးဖို့ ပြုသော ဒါနဟူသည် နာမည်ကြီးဖို့၊ လူသိများဖို့၊ အခွင့်အရေးရဖို့၊ နောက်ဘ၀ချမ်းသာဖို့ စသော တစ်ခုခုသော မျှော်လင့်ချက်နှင့် ပြုသောဒါနဖြစ်သည်။ ပါရမီ မထိုက်သော ဒါနသည် လူ့ချမ်းသာ၊ နတ်ချမ်းသာကိုသာ ပေးနိုင်ပြီး နိဗ္ဗာန်ချမ်းသာကို မပေးနိုင်။ ငါကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ပြုသော ဒါနမှန်သမျှ ပါရမီမထိုက်ဟု တနည်း မှတ်သင့်သေးသည်။ ငါဟူသည် ဒိဌိကိလေသာ ဖြစ်ပြီး ကောင်းစားဖို့ဟူသည် လောဘကိလေသာဖြစ်သည်။ ထိုကိလေသာနှစ်ပါးဦးဆောင်ပြီး ပြုသော ဒါနသည် အဘယ်မှာလျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန်သို့ ပို့ပေးနိုင်ပါမည်နည်း။ ဧကန်မုချ ပို့မပေးနိုင်သည်သာ။ [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 19, 2009 by ကြယ်စင်
* ပြသူ – သင်သူ – ချီးမြှောက်သူ ၊ စိတ်တူညီညွတ်ကြ။
* သံဃာနှင့် လူ ၊ အုပ်ချုပ်သူ၊ ကြည်ဖြူညီညွှတ်မှ။
* မေတ္တာပန်းခိုင် ၊ သုံးပွင့်ဆိုင် ၊ ပြန့်လှိုင်တိုးတက်ရ ။
* သာသနာရောင် ၊ ထွန်းလင်းပြောင် ၊ မြင့်ခေါင် စွမ်းပြည့်ဝ။
* မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊ ရွှင်ပြုံးကြည်သာ တို့မြန်မာ ကမ္ဘာကပင် မော်ကြည့်ရ။
လောက၌ သာသနာပေါ်ပေါက်လာရန် ခက်ခဲသလောက် ဘုရားမရှိသည့်နောက် သာသနာ မကွယ်ပျောက်အောင် စောင့်ရှောက်ထိန်းသိမ်းရသည့် တာဝန်က လည်း ကြီးလေးလှသည်။ တစ်ဦးတစ်ယောက်ကောင်းအင်အားဖြင့် ထမ်းဆောင်နိုင်သော တာဝန်မျိုးမဟုတ်ပေ။ မည်သည့် ပစ္စည်းမျှ မပါဝင်သော စကော ၊ လင်ပန်း (ဗျတ်) စသော ပေါ့ပါးသော အရာမျိုးကို ဖိုခနောက် [...]
Filed under: မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 15, 2009 by ကြယ်စင်
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား တရားနာခြင်း၏ အကျိုး(၅)ပါးတို့ကို ဟောတော်မူသည်။
ရဟန်းတို့ တရားနာကြားခြင်း၏ အကျိုး (၅) ပါးရှိသည်။ ယင်းတို့မှာ -
(၁) တရားနာသူသည် မကြားဖူးသော တရားကိုကြားနာရခြင်း။
(၂) ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာသိရခြင်း။
(၃) ယုံမှားသံသယ ကင်းရှင်းခြင်း။
(၄) အယူအဆ ဖြောင့်မှန်ခြင်း။
(၅) စိတ်ကြည်လင်ခြင်း။ ဟူသော အကျိုးငါးပါးကို ဟောတော်မူ၏။
Filed under: မှတ်သားဖွယ်ရာများ | 2 Comments »
Posted on August 13, 2009 by သူရိယ
“ချစ်သောသူတို့နှင့်လည်း မပေါင်းလင့်၊ မုန်းသောသူတို့နှင့်လည်း မပေါင်းလင့်၊ ချစ်သောသူတို့ကို မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏၊ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းဖွယ်တို့နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်“ (ဓမ္မပဒ၊ ပိယ၀ဂ်၊ တယောဇန ပဗ္ဗဇိတ၀တ္ထု)
ဤစကားတော်သည်ကား မြတ်စွာဘုရားရှင်တော်မြတ် နှုတ်တော်မှထုတ်ဖော် ဟောကြားတော်မူခဲ့သည် တရားမြတ်ဖြစ်ပါ၏။ အချစ်အမုန်းကို အရှင်းဆုံးဖြစ်အောင် တိုတိုနဲ့လိုရင်းရောက်စေသည့် တရားစကားဖြစ်၏။ အချစ်အမုန်းရှိလျှင် ဆင်းရဲရှိနေမည်ဖြစ်သောကြောင့် မချစ်မမုန်းဘဲ နေနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မိန့်တော်မူထား၏။ အချစ်ရှိလျှင် အပြစ်ရှိတတ်သကဲ့သို့ အမုန်းရှိလျှင်လည်း အရှုံးရှိတတ်ပြန်၏။ ချစ်လျှင်လည်း မကောင်း၊ မုန်းလျှင်လည်း မကောင်းသည့် လောကကြီးတွင် မချစ်မမုန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ [...]
Filed under: မှတ်သားဖွယ်ရာများ | 8 Comments »
Posted on August 12, 2009 by စန္ဒာ
မြတ်စွာဘုရား၏ ကိလေသာရန်အောင်ပွဲကို မည်သူမျှ မဖျတ်ဆီးနိုင်၊ လောက၌မည်သူမျှ မတုနိုင် ၊ အပိုင်းအခြားမရှိ အလုံးစုံကို သိမြင်နိုင်သည့် ဉာဏ်ရှိတော်မူသော တဏှာစသည့် ခရီးလမ်းကြောင်းကို ပယ်ဖျက်တော်မူပြီးသော ထိုမြတ်စွာဘုရားကို သင်တို့သည် အဘယ်ခရီးလမ်းဖြင့် ခေါ်ဆောင်ကုန်လတ္တံနည်း။
By what track can you trace that trackless Buddha of limitless range, whose victory nothing can undo, whom none of the vanquished defilements can ever pursue?
မြတ်စွာဘုရားမှာ တစ်စုံတစ်ခုသောလောကသို့ ဆောင်ခြင်းငှာ ပိုက်ကွန်ပမာ မှေးယှက်ရစ်ပတ် ငြိကပ်တတ်သော တဏှာမရှိ၊ အပိုင်းအခြားမရှိ၊ အလုံးစုံကို သိမြင်နိုင်သည့် ဉာဏ်ရှိတော်မူသော တဏှာစသည့် ခရီးလမ်းကြောင်းကို [...]
Filed under: ဓမ္မပဒ, မှတ်သားဖွယ်ရာများ | Leave a Comment »
Posted on August 5, 2009 by သူရိယ
အခါတပါးတွင် ညီတော် အာနန္ဒာ-က မြတ်စွာဘုရားအား လျှောက်ထား၏၊
အရှင်ဘုရား၊ မိတ်ဆွေကောင်းနှင့် ပေါင်းဖော်မိသော သူသည် အကျိုးကျေးဇူး တ၀က်လောက် အောင်မြင် ပြီးစီးပြီး ဖြစ်နေပါသည်။ ထိုအခါ မြတ်စွာဘုရားက ချစ်သား အာနန္ဒာ ဤသို့မဆိုလင့်၊ အဆွေခင်ပွန်းကောင်းနှင့် ပေါင်းဖော်မိသောသူသည် လောက သံသရာ နှစ်ဖြာ အကျိုးစီးပွား ပြီးစီးလေသည်-ဟု မိန့်ကြားလျက် လောကီ လောကုတ္တရာ အကျိုးကျေးဇူးများပုံကို အကျယ်တ၀င့် ဟောကြားတော်မူလေသည်။
တနေရာတွင် မိတ်ဆွေတု မိတ်ဆွေစစ်ကို ခွဲခြားပြတော်မူရာ၌ မိတ်ဆွေကောင်း လေးမျိုးရှိပုံကို ဤသို့ညွှန်ကြားပြတော်မူခဲ့ပါသည်။
၁။ ဥပကာရ-မိတ်ဆွေကောင်း။
ကြုံလာသော ကိစ္စအားလျှော်စွာ ကျေးဇူးပြုဖော် ရသူဖြစ်၏၊ ဤမိတ်ဆွေစစ်သည် မိမိမိတ်ဆွေ၏ အ၀တ်အထည် ရွှေငွေပစ္စည်းများကို မပျောက်ပျက်စေရန်၊ သူတပါးမယူနိုင်ရန် စောင့်ရှောက်ပေးတတ်၏၊ မိမိ မိတ်ဆွေ၌ ဘေးအန္တရာယ် [...]
Filed under: မှတ်သားဖွယ်ရာများ | Tagged: မိတ်ဆွေစစ် | 1 Comment »
Posted on August 4, 2009 by ကြယ်စင်
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ [...]
Filed under: မှတ်သားဖွယ်ရာများ | 1 Comment »